တနင်္သာရီ ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် (၈)နာရီအချိန်က အထက(တနင်္သာရီ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျင်းပနေသည့် ပြပွဲ၊ ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများနှင့် ကာယပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ မွန်းလွဲ ၁ နာရီခွဲတွင် စာပေဟောပြောပွဲအား ဆက်လက်ကျင်းပကာ ဒီကနေ့ ဇူလိုင်လ (၂၇)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သီသီခိုင်