တောင်ငူ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၏ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကေတုမတီဘိုးဘွားရိပ်သာမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင် (အကျိုးတော်ဆောင်နာယက)နှင့်အဖွဲ့ဝင်များ၊ အဘိုးအဘွားများ၊ အကျိုးဆောင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အလှူရှင်များက တောင်ငူမြို့၊ ကြာနီကန်ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက နိုင်ငံတော်သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တ အရှင်သူရိယထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင် (အကျိုးတော်ဆောင်နာယက)နှင့် အဖွဲ့ဝင်များ၊ အဘိုးအဘွားများ၊ အကျိုးဆောင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် လှူဖွယ်ပစ္စည်းအစုစုနှင့် ဝါဆိုသင်္ကန်းတို့ကို သံဃာတော်အရှင်မြတ်များထံ ဆက်ကပ်လှူဒါန်းကြပြီးတောင်ငူမြို့၊ ကြာနီကန်ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တ အရှင်သူရိယထံမှ မေတ္တာသုတ် တရားတော်နှင့် ရေစက်သွန်းချ အနုမောဒနာတရားနာယူ၍ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)