အလုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာ ဂုဏ်ထူးဖြင့်‌ အောင်မြင်သူ(၁၂)ဦးရှိ

အလုံ ဇူလိုင် ၂၈

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်က အလုံမြို့နယ် အ.ထ.က (၄) စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အလုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းတွင်း/ကျောင်းပြင် ကျောင်းသား (၆၀)ဦး၊ ကျောင်းသူ(၇၈)ဦး စုစုပေါင်း(၁၃၈)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်ကျောင်းသား(၃၅)ဦး၊ ကျောင်းသူ(၄၆)ဦးစုစု‌ ပေါင်း(၈၁)ဦးအောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄)ဦး စုစုပေါင်း(၁၂)ဦး ဂုဏ်ထူးရရှိပြီး ရိုးရိုးအောင်မြင်သူ(၆၉)ဦးရှိရာ စုစုပေါင်း အောင်မြင်သူ(၈၁)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း (၅၈.၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)