တွံတေးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က နယ်လှည့်ကွင်းဆင်း (အခမဲ့) ဆေးကုသပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး သန်လျင်မြို့မှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသရေးအစီအစဉ်ကို တွံတေးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်းရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၉.၂၂ ရာခိုင်နှုန်းရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂ဝ၂၅ ခုနှစ် မတ်လ(၁၇) ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန(၂)ခုတွင် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀ ဦး ဖြေဆိုအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့နံနက် ၆ နာရီက အထက(ပန်းတောင်း)၊ အ.ထ.က ဆင်တဲ၊ အ.ထ.က ထုံးဘို၊ အ.ထ.က ဥသျှစ်ပင်၊ အ.ထ.က ရှားဖြူကွင်း၊ အ.ထ.က ဂုံညှင်းတန်းစာစစ်ဌာန(၆)ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀  ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌  ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်စေရန် သရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၊ ကံလှစျေး၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ Grade -12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူဦးရေ (၅၈၂)ဦးရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက်၊ Grade -12 တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ရက်နေ့တွင် ပြန်လည်ဖြေဆိုခဲ့ရာ  စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိရာ ကျောင်းသား၊ ကျောင်းသူ (၅၈၂)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြိုနယ်၌  ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို  ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း (သဲတော-ဝမ်းတွင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုဒေသ၌ သံပုရာပင်များအောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပတ်ဝန်းကျင်ရှိ ဒေသနေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက် ကုန် အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကျေးရွာများတွင် ရာသီဥတုနှင့်သဘာဝရေမြေ   အနေအထားအရ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ယမန်နေ့ နံနက် ၆ နာရီချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ (၅၃၇)ဦးတွင် (၁၅၂) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ထောက်အကူပြုစေရန်အတွက် ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to