ကန်ကြီးထောင့် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိရေးအတွက် နယူးဧရာ-၁၁ စပ်မျိုး စပါးစံပြကွက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာရှိ ကွင်းအမှတ် ၁၈၆ဂ၊ ဦးပိုင်အမှတ် ၉/စ၊ တောင်သူဦးဆန်းဦး၏ လယ်ဧရိယာ (၂) ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေးအတွက် နယူးဧရာ-၁၁ စပ်မျိုး စပါးစံပြကွက် စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးတို့က အဆိုပါလယ်ယာမြေများအတွင်း စပါးစိုက်ပျိုးကြသည့် ကောက်စိုက်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)