မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာ၌ ဓမ္မပျိုးခင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စက်ပစ်တောင်ကျေးရွာ စိတ္တသုခကျောင်းတိုက်၌ ဓမ္မပျိုးခင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်(၆)နာရီမှစ၍ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ရာ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၏ စာစစ်ဌာနများဖြစ်သော အထက(၁)နှင့်အထက(တံတား) စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ် ကျပ်သိန်း ၂၀၀၀၀ ထုတ်ချေးမည်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး  ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၂၀၀၀၀  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ဖားအောက်တောရ ဝိပဿနာ ရိပ်သာ၀န်းအတွင်း  ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး 

ဥတုရာသီဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန် ရည်ရွယ်၍ Green Challenge Associationမှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ဦးဆောင်၍ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ရွှေသုဝဏ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက် ၉နာရီက ဖားအောက်တောရဝိပဿနာရိပ်သာ၀န်းအတွင်း  ဗုဒ္ဓသာသနာရိပ်သာတွင်  ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်၉နာရီက အထက(တနင်္သာရီ) ပညာရတနာ ခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်  ၅၅.၄၀% ဖြင့် အောင်မြင်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက ပုလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပေးခဲ့ရာ အောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်၊။

မောက်မယ်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၃၀.၆၁% ရှိ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက မောက်မယ်မြို့ မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Subscribe to