ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးအဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ပုသိမ်      သြဂုတ်   ၂၀

ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်/ဆက်မှ ဒုတိယဦးစီးမှူး ဒေါ်နုနုရီက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ အောင်သင်း၏  ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်အတူ စာရေးဆရာမ ညိမ်မွန် (ဒေါ်ညိမ်းညိမ်းသန်း) တို့ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာဆွေ (ပြန်/ဆက်)