ငွေဆောင် သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ယမန်နေ့ ည ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။
ငွေဆောင်မြို့သည် ကမ်းခြေဒေသဖြစ်၍ ပင်လယ်တွင်းမှ ဘင်္ဂါလီများဝင်ရောက်မှု မရှိစေရေးအတွက် ကမ်းခြေ တစ်လျောက်နှင့် မြို့ပေါ်ရပ်ကွက်များတွင် နေ့/ညမပြတ် လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်း များဖြင့် ဆောင်ရွက်ခြင်း၊ ညစဉ်မြို့အဝင်မှ ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်း၊ ဟိုတယ်လုံခြုံရေး ဝန်ထမ်းများမှ ပင်လယ်အတွင်း မသင်္ကာစရာ စက်လှေများ တွေ့ရှိပါက အချိန်မီ သတင်းပေးပို့ခြင်းဖြင့် ငွေဆောင်နယ်မြေ၏ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)