ပန်းတောင်းမြို့နယ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း သြဂုတ် ၂၀    

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက် စောင့်ကြည့်ရေးအဖွဲ့ များနှင့် ပူးပေါင်းကာ ယမန်နေ့နံက်ပိုင်းက စည်သာရပ်ကွက်၊ မြစစ်ကိုင်း၊ ညောင်ညိုရိပ် လမ်းဆုံ ဈေးအတွင်း ဦးစားပေး ဆောင်ရွက် ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ နှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည် ။

အဆိုပါ အဖွဲ့များသည် စည်သာရပ်ကွက်၊ မြစစ်ကိုင်း၊ ညောင်ညိုရိပ်လမ်းဆုံအတွင်းရှိ စျေးဆိုင်များမှ သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးများထဲမှ သောက်ရေသန့် အမျိုးမျိုး၊ အချိုရည်မျိုးစုံနှင့် ယိုမျိုးစုံများအား စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီ ဆောင်ရွက် ထားမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ပန်းတောင်းမြို့ပေါ်ရပ်ကွက် အတွင်းမှ မပြည့်စုံသော ကုန်သည်များအား ရက်ပေါင်း(၃၀)အတွင်း ကုန်အညွှန်း အမှတ်အသားများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)