မြို့သစ် သြဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲကိုယမန်နေ့နံနက်(၉)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီးမကွေးတိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီးဌာနတောင်တွင်းကြီးမြို့၊ဆတ်သွားမူလတန်းကြို ကျောင်းမှကျောင်းအုပ်ဆရာမကြီးဒေါ်ယုဇနထွေးမှလူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်သက်ငယ် မုဒိမ်းမှုကျူးလွန်ခံရသည့် ကလေးငယ်များ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ် အနိုင်ကျင့်ခြင်းခံရသည့် ကလေးငယ်များအတွက် ကူညီစောင့်ရှောက်ပေးမှုများ၊ ပြစ်မှု ကျူးလွန်သည့် ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေဖြင့် ကူညီ ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက်ဆောင်ရွက်ပေးလျှက်ရှိသည့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)