စုကလိမြို့တွင် သတိပြုရှောင်ရှား ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင်ပြသ

စုကလိ   ဩဂုတ်   ၂၀

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကျန်းမာရေးအသိရရှိနိုင်ရန် ရည်ရွယ်၍ ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် သတိပြုရှောင်ရှား ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုးကျိုးများ  အသိပညာပေးနံရံကပ်စာစောင်အား ယမန်နေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ထားသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပတ်ဝန်းကျင်နှင့်လူမှုစီးပွားရေးအပေါ် ထိခိုက်ပျက်စီးစေသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီး၏ ဆိုးကျိုးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အသိပညာပေးအချက်အလက်များနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းဆိုးကျိုးအသိ ပညာပေးဆောင်းပါးများ ထည့်သွင်းပြသထားသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သတင်းအချက်အလက်များနှင့် ဗဟုသုတရဖွယ်အချက်အလက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အလွယ်တကူလေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အချိန်နှင့်တပြေးညီ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)