ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ခရီးသွား ပြည်သူများအား နေ့စဉ်ကြပ်မတ် ဆောင်ရွက်

ထန်တလန် ဩဂုတ် ၁၉

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူများအား မြို့အ၀င် လုံခြုံရေးစစ်ဆေးဂိတ်နေရာတွင် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ထန်တလန်မြို့မရဲစခန်း အမှုစစ် ဒုရဲအုပ် သန်းလွင်နှင့် ရဲတပ်ဖွဲ့၀င် များသည် ဌာနဆိုင်ရာ တာ၀န်ကျ ၀န်ထမ်းများနှင့်အတူ ထန်တလန်မြို့သို့ ၀င်ရောက်ဖြတ်သန်းလာသည့် ခရီးသွားပြည်သူ များအား စတင်ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်း ရယူခြင်း၊ မြို့နယ်အတွင်း နေထိုင်ပါက နေထိုင်မည့် နေရပ်လိပ်စာများကို စိစစ်ပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထန်တလန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ကျဌာနဆိုင်ရာများက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်အဝေး မှတ်တမ်းအမှတ်စဉ် ၂၈/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ ဆက်လက် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)