ဝန်းသို ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ ထုတ်ကွက် များ စိုက်ပျိုးထားရှိမှုအခြေအနေကို ယမန်နေ့ညနေပိုင်းက ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဝင်းသိန်း နှင့် တာဝန်ရှိသူများက မြို့နယ်မှ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် SGA ဖြင့် စိုက်ပျိုးထားသော ဝင်းကြီးအုပ်စုမှ ဆင်းဧကရီ-၃ စပါးစိုက်ခင်း ၃၀ ဧကကိုလည်းကောင်း၊ ဩဂကျေးရွာမှ မှော်ဘီ-၂ မျိုးသန့်မျိုးများ စိုက်ခင်းကိုလည်းကောင်း ကွင်းဆင်း၍ စိုက်ပျိုးထားရှိသည့်ဧကမှန်ကန်မှုရှိ/မရှိ၊ မျိုးစေ့ (Seed Source )မှန်ကန်မှု၊ စိုက်စနစ်မှန်ကန်မှု မျိုးကွဲပေါင်း/ နုတ်ပယ်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို တာဝန်ရှိသူများကမှာ ကြားခဲ့သည်။
ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု မိုးစပါးစိုက်ပျိုးရာသီအတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေး အတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအပေါ် ကုစားမှုအစီအစဉ် (CERP)အရ ကျေးရွာ ပေါင်း ၂၂ရွာ၊ လယ် ၂၅၀ ဧက တို့တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားရှိကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)