ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း သြဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စာရေးဆရာဖေမြင့် ရေးသားသော တန်ဖိုးထားအပ်သော အရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ သည်။ 

စာဖတ်ဝိုင်းတွင် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တန်ဖိုးထားအပ်သော အရာများစာအုပ်နှင့် ပတ်သက်၍ တန်ဖိုးထားရမည့်အရာ ၊ သစ္စာစောင့်သိရမည့်အရာ၊ တာဝန်ယူရမည့်အရာတွေက တစ်ကြိမ်မှာ တစ်ခု ဆိုလျှင် အကြောင်း မဟုတ်ဘဲ ကိုယ့်သတ္တိ ကိုယ့်စွမ်းအားအလျောက် လုပ်ကြကိုင်ကြရုံသာ ရှိပါကြောင်းစသည့် အကြောင်း အရာများကို ဆွေးနွေးကြပြီး၊ စာဖတ်ဝိုင်းသို့ တတ်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများကလည်း မိမိတို့သိရှိလိုသည်ကို ဆွေးနွေးရာ Book Club ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့် ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စိတ်ပါဝင်စားသူ ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သင်းသင်းအေး (ပြန်/ဆက်)