မြောင်မြို့နယ်အတွင်း အထက်တန်းအဆင့် ဖွင့်လှစ်သည့်ကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း သိရှိလိုက်နာဆောင်ရွက်ရေးဆွေးနွေး

မြောင်  သြဂုတ် ၂၁

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် မြို့နယ်အတွင်းရှိ အထက်တန်း အဆင့်ဖွင့်လှစ်ထား သည့်ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း Version (1.0)/ (1.3) အား လိုက်နာဆောင်ရွက်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ (၁၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင်ခန်းမတွင် ပြုခဲ့ကြောင်းသိရ သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မ တီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ကျောင်းအုပ် ဆရာ/ဆရာမ များနှင့် တွေ့ဆုံ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်း Version (1.0)/ (1.3)နှင့် စံကိုက်ညီစွာ ဆောင်ရွက်ထားရှိမှုများကို တင်ပြ ဆွေးနွေးခဲ့ရာ မြို့နယ်ကုသရေး ဌာနမှူး ဒေါက်တာရဲခေါင်က ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ အသိပညာပေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အဆိုပါကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသုံးဆောင်ပစ္စည်းများနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရည်။

မြောင်မြို့နယ်အတွင်းတွင် အထက်တန်းအဆင့် ဖွင့်လှစ်ထားသည့် (အ.ထ.က) (၈) ကျောင်း၊ (အ.ထ.က)ခွဲ (၈) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းရှိပြီး ကျောင်းသား/ သူ  (၂၅၁၄)ဦးအား သတ်မှတ်စံနှုန်းနှင့်အညီ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

တင်ကိုကို(မြောင်)