လက်ပံတန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက်ပေးလျက်ရှိ

လက်ပံတန်း ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိရေးအတွက် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင် ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်ရုံးနှင့်ကျေးရွာ အုပ်စုများအရောက် ကွင်းဆင်းဆောင် ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့်  အချက်အလက်ဖြစ်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရ သည်။

လက်ပံတန်းမြို့နယ်အတွင်း အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးရာတွင် ကျေးရွာ အုပ်စု (၁၈)အုပ်စု တွင် (၂၀၆၃) ဦးအား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရပါသည်။

ဝင့်နန္ဒာဌေး