ရွှေတောင် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀ /၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်တင်ရောင်းချခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိက အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လေလံဆွဲဝယ်ခွင့် တင်ပြသူများမှ သိရှိလိုသည် များ ကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချရာ လေလံဆွဲဝယ်ခွင့် လျှောက်ထား သူများက ရောင်းချသည့်စနစ် ကြမ်းခင်းစျေးများကို လေလံရောင်းချခြင်း စည်းကမ်းချက်များနှင့်အညီ ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)