လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကားလမ်းမပေါ်သို့ ရေကျော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၅၀) စင်တီမီတာ အထက် (၁၁၁၀) စင်တီမီတာသို့ရောက်ရှိပြီး ဂျို့ချောင်း၊ ရွှေဂွန်း၊ မြိုင်ကြီးငူသွားကားလမ်းမပေါ် အနိမ့်ပိုင်းများနှင့် ရွှေဂွန်ကျေးရွာ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး အတွက် အသိပေးလှုံ့ဆော်ခြင်းများဆောင်ရွက်

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် - ၁၉ ကူးစက်မှုနှင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများ ပေါ့ဆမှုမရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး အသိပေးလှုံဆော်ခြင်းများကို ရပ်ကွက်၊ ကျေးရွာများ ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်လည်ဘူးမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ် စီး‌နင်းကြသူများအား အသိပညာပေးဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ပင်လည်ဘူး-‌ ကောလင်း- ဖောင်းပြင်သွားကားလမ်းဆုံ ဆန်းသစ်လွင် တည်ခိုခန်းအနီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များသည် ဈေးများအတွင်း လိုက်လံစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ စည်းကမ်း သတ်မှတ်ချက်များအနှင့် အညီရောင်းချနေမှုရှိ မရှိကို ဩဂုတ်လအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ယာယီပျံကျဈေးအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ရေကြည်မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ဈေးနှုန်းမြှင့်တင်​ ရောင်းချခြင်းမပြုရန် လိုက်လံအသိပေးခြင်းနှင့် မြို့မဈေး အတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်းကို ယနေ့ နံနက် ၇ နာရီက စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဩဂုတ်လ ၂၂ ရက်နေ့အထိ ထုတ်ပြန်ထားသော တားမြစ်မိန့်နှင့် ညွှန်ကြားချက်များကို စုစည်း၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေပိုင်းက ငါးသိုင်းချောင်းမြို့ နေရာအနှံ့အပြားတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော့သောင်းမြို့ စည်ပင်သာယာဈေးများအတွင်း ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်းမတပ်ဆင်သူများအား အရေးယူမှုများဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးများအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနေ့စဉ်လိုက်လံစစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား လုပ်ငန်း လမ်းညွှန်မှုများ ဟောပြောပို့ချ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံးမှူး၊ မဲရုံးအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှုများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာ အထက်တန်းကျောင်းတွင် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် မိုးကြိုးထိမှန်၍ နွား(၆)ကောင် သေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မလှိုင်ကုန်းကျေးရွာအုပ်စု၊ ကျို့တပင်လမ်း၊ ဒေသအခေါ် (ဂျိုးကြစ်)ရှိ ဦးဇော်မျိုးထက်၏ နွားတင်ကုတ်အား မိုးကြိုးထိမှန်ကာ နွားတင်းကုတ်အတွင်း ချည်နှောင် ထားသည့် နွား(၆)ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
Subscribe to