သန်လျင်မြို့နယ် စိမ်းလန်းစိုပြေရေး ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်စိမ်းလန်းစိုပြေရေးအတွက် ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်၆ နာရီတွင် ကျိုက်ခေါက် ဘုရားလမ်းမကြီး တ​လျှောက်၌ ကျင်းပသည်။

သံတောင်ကြီးမြို့တွင် ယမန်နေ့ည မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်း၍ မြေပြိုမှုဖြစ်ပွား

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် သြဂုတ်လ(၂၂)ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှစ၍ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် သံတောင်ကြီးမြို့အမှတ်(၃)ရပ်ကွက်တွင မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူများအား မိုလ်ဘိုင်းဖုန်းမှတဆင့် ဖြန့်ဝေပေးနိုင်ရေး ပဏာမ စမ်းသပ်စစ်ဆေးမှုများကို ထန်းတပင်မြို့နယ်တွင် စတင်ဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အချက် အလက် များကို အများပြည်သူများအား မိုလ်ဘိုင်းဖုန်း မှတဆင့် ဖြန့်ဝေ ဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက် များတွင် ပဏာမအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို စတင်၍ ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး သြဂုတ်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်သို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဖျာပုံ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များမှ တောင်သူများအား တောင်သူစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များမှ တောင်သူများအား တောင်သူစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကောလင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းကို သြဂုတ်(၂၂)ရက် နံနက်(၁၀) နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်(၁၉) စီးပွားရေးကုစားမှုအစဉ်အရ ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် မိုးစပါး မျိုးစေ့ထုတ်တောင်သူများ ကိုဗစ်(၁၉) စီးပွားရေးကုစားမှုအစီအစဉ် ထောက်ပံ့ငွေပေး အပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅နာရီက အောက်ဆိပ်မြစ်ရေတင်၌ ပြုလုပ် သည်။

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ ညနေ ၃ နာရီချိန်တွင် ငွေဆောင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to