ရေကြည်မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရေကြည်  သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်​ ရောင်းချခြင်းမပြုရန် လိုက်လံအသိပေးခြင်းနှင့် မြို့မဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်းကို ယနေ့ နံနက်  ၇ နာရီက စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးခြင်း၊ အိမ်အပြင်နှင့် လူထူထပ်သည့် နေရာများသို့ သွားရောက်ရာတွင် ပါးစပ်နှာ​ခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာစေရန်နှင့် လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြော‌ရန် အသိပေးလုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စည်ပင်သာယာ အမှု​ဆောင်အရာရှိနှင့် ကျန်းမာ​ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူး​ပေါင်း​ဆောင်ရွက် ခဲ့​ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)