စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဝက်လက်   သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဝက်လက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်း နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းလေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်က မဲစာရင်းများ ကောက်ယူရာတွင် အဆင်ပြေနိုင်မည့် နည်းလမ်း များကိုလည်းကောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ ဒေါ်ခိုင်ခင်ကိုက အိမ်ထောင်စု အလိုက် ကွင်းဆင်း ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များက မေးမြန်း ဆွေးနွေး ချက်များကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။ ယနေ့  အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ ၅၃ ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥမ္မာဝင်း(ဝက်လက်)