မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များသည် ဈေးများအတွင်း လိုက်လံစစ်ဆေး

မူဆယ် ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများအတွင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ စည်းကမ်း သတ်မှတ်ချက်များအနှင့် အညီရောင်းချနေမှုရှိ မရှိကို   ဩဂုတ်လအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ယာယီပျံကျဈေးအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။                                                                                          

မူဆယ်မြို့၊ အမှတ်()ဈေး၊ အမှတ်()ဈေးနှင့် ယာယီပျံကျဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီဈေးရောင်းချမှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း၊ ဈေးကော်မတီဝင်များ၊ ဒုတိယဦးစီးမှူး ဦးမိုင်းလုမ်နော်နော်နှင့် ဈေးဌာနစိတ်ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ လိုက်နာမှုအားနည်းသော ဈေးသည်များအား သတိပေးခြင်း၊ လိုက်နာမှုမရှိသော ဈေးသည်များအား ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြသည်။                                                                                             

ယင်းနောက် ဈေးသည်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတို့မှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေးနည်း လမ်းများနှင့်အညီ ရောင်းချ/ ဝယ်ယူကြရန်နှင့် ကျန်းမာရေးအသိစိတ်ဓာတ်များဖြင့် ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

စန္ဒာ(ပြန်/ဆက်)