လှိုင်းဘွဲ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၅၀) စင်တီမီတာအထက် (၁၁၁၀) စင်တီမီတာသို့ရောက်ရှိပြီး ဂျို့ချောင်း၊ ရွှေဂွန်း၊ မြိုင်ကြီးငူသွားကားလမ်းမပေါ် အနိမ့်ပိုင်းများနှင့် ရွှေဂွန်ကျေးရွာ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
ရွှေဂွန်းကျေးရွာ မြေနိမ့်ပိုင်းပိုင်းဖြစ်သော ရွှေပြည်တော်ရပ်ကွက်၊ ၇၅၀ ရပ်ကွက်၊ ရွာသစ်(၂) ရပ်ကွက်များရှိ နေအိမ်များ အောက်တွင် ရေဝင်ရောက်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိခြင်းမရှိကြောင်းနှင့် ဂျို့ချောင်း-ရွှေဂွန်းကျေးရွာအကြားလမ်းမပေါ်သို့ ရေအနက် (၂) ပေခန့် ကျော်လွန်ရောက်ရှိသည့်အတွက် ယာဉ်ကြီးများသာဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ငယ်များသွားလာနိုင်ခြင်းမရှိကြောင်း၊ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)