ကျောက်ကြီးမြို့နယ်၌ ငါးမွေးတောင်သူများအားနိုင်ငံတော်အစိုးရမှ ငါးသားပေါက်များထောက်ပံ့ပေးအပ်

ကျောက်ကြီး သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် ၌    Covid-19 Economic Relief Plan ပါ Action Plan အရ  နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများအား    ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရသော ကျောက်ကြီးမြို့နယ်ရှိ ငါးမွေးသူတောင်သူများအား သားငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး စားသုံးသူများ စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်၊ ငါး သားပေါက် လုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းများ ရပ်တန့်ခြင်း မရှိစေရန်၊ ပြည်သူများအားငါးရိက္ခာဖူလုံစေရေး၊ တစ်ဦးချင်း ငါးစားသုံးသူများ ပိုမို တိုးပွားလာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ဒေါ်မင်းမင်းစိုးမှ ပြောကြား ခဲ့သည်။

ကျောက်ကြီးမြို့နယ် အတွင်းရှိငါးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ(၃)ဦး၏လယ်(၂၈.၉၂)ဧက၌ မြို့နယ်ငါး လုပ်ငန်းဦးစီးဌာန မှ ငါးမြစ်ချင်း (၃)လက်မ ဆိုဒ် စုစုပေါင်း ငါးကောင်ရေ (၂၅၇၁၁) ကောင်အား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

K ခိုင် ပြန်/ဆက်