ဆိပ်ဖြူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် မိုးစပါး မျိုးစေ့ထုတ်တောင်သူများ ကိုဗစ်(၁၉) စီးပွားရေးကုစားမှုအစီအစဉ် ထောက်ပံ့ငွေပေး အပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅နာရီက အောက်ဆိပ်မြစ်ရေတင်၌ ပြုလုပ် သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ၊တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ပခုက္ကူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းနှင့် တာဝန် ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်နှင့် ဌာနဆိုင်ရာများ ဒေသခံမိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုး သည့် တောင်သူများတက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ကိုဗစ်(၁၉) စီးပွားရေးကုစားမှုအစီ အစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား နိုင်ငံတော်အစိုးရကထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များ ၊ မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးကြသည့် တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်း မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အထွက် ကောင်းမျိုး စပါးများဖြန့်ဖြူး ရောင်းချနိုင်ရေး၊ ဒေသ ရာသီဥတုနှင့်ကိုက်ညီသောစိုက်ပျိုးရာ၌ သက်လတ်စပါးမျိုးများရွေးချယ်ပြီး ရေသုံးစွဲမှုများပြီး သက်တမ်းရင့် မျိုးစပါးများ စိုက်ပျိုးမှု လျှော့ချနိုင်ရေး အပြင်စပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီးအထွက်နှုန်းကောင်းရစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနည်းပညာများဖြင့် စိုက်ပျိုးခြင်း ၊မြေဩဇာ စနစ်တကျ ကျွေးခြင်းများ ဆောင်ရွက်သွားကြရန် တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာများ၊ မျိုးကောင်း မျိုးသန့်များရရှိရေး ၊ စနစ် တကျမြေဩဇာထည့်ခြင်းနှင့် ပိုးမွှားရောဂါဆိုင်ရာအကူအညီများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံ ဆက်သွယ် ၍ စိုက်ပျိုးရေးနည်းလမ်းကောင်းများဖြင့် စိုက်ပျိုးဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် မိုစပါး မျိုးစေ့ထုတ်လုပ်ဧက (၅၈)ဧက စိုက်ပျိုး လုပ်ကိုင်သူ တောင်သူ (၃၁)ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ ကွင်းအမှတ် ၁၁၂၃ ၊ဦးပိုင်အမှတ် ၁၇၃ တောင်သူ ဦးလှဦး၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှု စစ်ဆေး ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းနိုင်က ဘက်စုံအဆင့်မြင့် နည်းပညာများဖြင့် စိုက်ပျိုး ဆောင်ရွက် ထားရှိမှုတို့ကိုရှင်းလင်းတင်ပြရာဒုတိယညွှန်ကြားရေးမှူးချုပ်က ဒေသခံတောင်သူများဘ၀ မြင့်မားတိုးတက် စေရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို အလေးထားကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။
ကိုဇွဲ(အညာမြေ)