သန်လျင်မြို့နယ် စိမ်းလန်းစိုပြေရေး ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုး

သန်လျင်  သြဂုတ်  ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်စိမ်းလန်းစိုပြေရေးအတွက် ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်၆ နာရီတွင် ကျိုက်ခေါက် ဘုရားလမ်းမကြီး တ​လျှောက်၌ ကျင်းပသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများ၊လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက် လူမှုအသင်းအဖွဲ့များက သတ်မှတ်နေရာ အသီးသီး တွင် အရိပ်ရနှင့် ပန်းအလှပင်များကို စိုက်ပျိုးပေးကြသည်။

သန်လျင်မြို့နယ် မိုးရာသီဒုတိယအကြိမ်စုပေါင်း သစ်ပင်စိုက်ပျိုးပွဲသို့မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးရဲမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်အမှုဆောင် အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကြသည်။

သန်လျင်မြို့နယ်တွင် မိုးရာသီစိမ်းလန်းစိုပြေရေးအတွက် ယခင်စိုက်ပျိုးပြီးခဲ့သော အပင်များရှင်သန်ကြီးထွားစေရန် မြို့နယ်စည်ပင် ဝန်ထမ်းများ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သန်းဝင်း(သန်လျင်)