ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

ငွေဆောင်  သြဂုတ် ၂၄

ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ ညနေ ၃ နာရီချိန်တွင် ငွေဆောင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဦးဝေလင်းထွဋ် နှင့် ပရဟိတလူငယ်များက ငွေဆောင်မြို့တွင်း နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း (mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား လိုက်နာရန်၊ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာ ဆောင်ရွက် ကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)