လှည်းကူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း

လှည်းကူး  သြဂုတ်  ၂၃

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြီးကြပ်စစ်ဆေးရေး အဖွဲ့ဖွဲ့စည်းခြင်းကို သြဂုတ်(၂၂)ရက် နံနက်(၁၀) နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေးတို့က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်များအပြောင်း အရွေ့ဖြစ် ပေါ် လာပါက မိမိ မြို့နယ်တွင် မဲပေးချင်သူများအနေဖြင့် သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လျှောက်ထား စေရန်၊ မိမိ အမည်မဲစာရင်းတွင် မပါဝင်ပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆို လွှာ ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ) ဖြင့် လည်းကောင်း တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိ နိုင်မည်ဖြစ်သဖြင့် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင် စာရင်းကို ရရှိရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အိမ်တိုင်ရာ ရောက် သေချာစိစစ်ပေးရန်  စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေး က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

နိုင်လင်း(လှည်းကူး)