ရေဇွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်​ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့ ရပ်ကွက်(၄)ကွက်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို သြဂုတ်လ(၂၁)ရက်နေ့မှ စတင်၍ (၂၅)ရက်နေ့အထိ (၅)ရက်အတွင်း အပြီးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ပလောက်မြို့၌ အသိပညာပေး နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ရုံးအရှေ့မြေစိုက်ဘုတ်၌ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ယနေ့နံနက် ၅ နာရီအချိန်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် နားမခေါ်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး တောင်ကျရေများ စီးဆင်း၍ နားမခေါ် ကျေးရွာအတွင်း စီးဆင်းသည့်ချောင်းမှရေလျံပြီး ကျေးရွာအနိမ့်ပိုင်းရှိ လူနေအိမ် (၁၈)လုံးခန့် ရေဝင် ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း‌ရေးမှူးမှ မင်းလှမြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူများအားတွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရ ဖွဲ့အတွင်းရေးမှူးမှ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ ကို ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာန အစည်း အဝေး ခန်းမ၌ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက်တိုက်ဆိုင်စစ်ဆေး

ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများရရှိရေး အမည်စာရင်းတိကျ မှန်ကန်စေရန်အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းမေးမြန်စစ်ဆေးရေးအဖွဲ့များက ဩဂုတ် (၂၀) ရက် စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း(အခမဲ့)ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ်(၁) သဇင်ရပ်ကွက်၊ နယ်မြေ (၈)လေဲပီးနှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ အစည်းအဝေးခန်းမတွင် အခမဲ့ ပို့ချခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မိုးတွင်းကာလများတွင် ပြင်ဦးလွင်မြို့၏ မိုးရွာသွန်းမှုသည် အဆက်မပြတ်ရွာသွန်းသဖြင့် မြို့တွင်းလမ်းများကောင်းမွန်စေရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မြေသားလမ်းများနှင့် ကျောက်ခင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တမူးမြို့တွင် Covid-19 Special Relief Lone ဘဏ်ချေးငွေများ ဆက်လက်ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ တောင်သူများ ကိုဗစ်-၁၉ ကာလအတွင်း လယ်ယာမြေများ စိုက်ပျိုးရာတွင် အဆင်ပြေစွာ အသုံးပြုနိုင်ရေး အတွက် တမူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ Covid-19 Special Relief Lone ဘဏ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to