ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် အဆိုပါ တက္ကသိုလ်၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော နိုင်ငံတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသုတ ပြည့်စုံကြွယ်ဝစေရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အတူ လူသားအရင်းအမြစ် မွေးထုတ်ပေးနိုင်သည့် လူတိုင်းစာတက်မြောက်ရေး၊ စာတက်သူတိုင်း စာပေဖတ်ရှုလေ့လာပြီး ဗဟုသုတကြွယ်ဝရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများတွင်လည်း ပြည်နယ်အနေဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က ကျောင်းစာကြည့်တိုက်တွင် ထားရှိသင့်သည့် သုတ/ရသစာအုပ်စာစောင်များနှင့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များအား အကြံပြုဆွေးနွေးတင်ပြပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အဆိုပါကျောင်းစာကြည့်တိုက်တွင် ‌ကျောင်းသား/ကျောင်းသူများ၏ စာဖတ်စာငှား အခြေအနေများနှင့် စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ကျောင်းစာကြည့်တိုက်တွင် သုတရသစာအုပ်စာစောင်များ ထားရှိမှုအခြေအနေများအား လည့်လည်ကြည်ရှုခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါကျောင်းစာကြည့်တိုက်အတွက် ပြည်နယ်ဝန်ကြီးက ငွေကျပ်တန်ဖိုး သိန်း(၁၀၀)ရှိ သုတရသ စာအုပ်စာစောင်များကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)