ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်၌ ကျင်းပခဲ့သည်။

ဘားအံမြို့တွင်သံလွင်မြစ်ရေမြင့်တက်မှုကြောင့်ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခု ဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူ ၁၀၃၉၅ ဦးအား ပြောင်းရွှေ့ထား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျှက်ရှိသည့် ရေဘေးသင့်ပြည်သူ ၁၀၃၉၅ဦးအား ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခုတို့တွင် ပြောင်းရွှေ့နေရာချထားပေး ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်တွင် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက ဘူတာရပ်ကွက်၊ ဂျိုးဖြူဘောလုံးကွင်းရှေ့၌ ကျင်းပသည်။

မြောင်းမြခရိုင် Community Centre တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်

သန်လျင်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဓါတ်မြေသြဇာ၊ မျိုးစေ့ချကိရိယာ Drum Seeder ဆိုလာ(၂)ချပ်တွဲ(၆)လက်မရေတင်ပန့်၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ထောက်ပံပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။

မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က အောင်ဆန်းလမ်းနှင့် (၇)လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Online ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Online ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆဲရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကသာမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများက အချိန်ယူ၍ ကောင်းမွန်စွာ အသုံးချလျက်ရှိရာ ယနေ့မွန်းလဲပိုင်းတွင် Bright Preschool and Education ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်ဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့၌ကျင်းပသည့် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဝန်ကြီးချုပ်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းတွင် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးရှေ့ကွင်းပြင်၌ ကျင်းပသည့် ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to