တနိုင်း သြဂုတ် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် တနိုင်းမြို့နယ်၊ ဒူးကောင်းရပ်ကွက် (ကုလားအင်းအောက်ချိုင့်)၌ ဩဂုတ်(၈)ရက်နေ့ ညနေ(၆)နာရီတွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦးအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ဆောက် ပစ္စည်းအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ(၇)ရက်စာအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၁၄,၇၀ဝိ/-) သိန်းနှင့် အိမ်အသုံးအဆောင်ပစ္စည်း(၁၇)မျိုးကို မီဘေးသင့် အိမ်ထောင်စုထံ ထောက်ပံ့ပေးအပ်ရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ထံသို့လွှဲ ပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှုး) ဦးကျော်လွင်မှ ပြန်လည် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီဘေးသင့် အိမ်ထောင်စုကိုယ်စား ဒူးကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအင်လန်းဇော်ခေါင် မှလက်ခံရယူခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)