မြင်းမူ ဩဂုတ်၂၅
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်တောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းခရိုင် ၊မြင်းမူ မြို့တွင်တည်ဆောက်လျှက် ရှိသော မြို့နယ်ပညာရေးမှုးရုံးအသစ် တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရသည်။
ယခုတည်ဆောက်လျှက်ရှိသော မြို့နယ်ပညာရေးမှုးရုံးအဆောက်အဦမှာ အလျှားပေ (၇၀)နှင့် အနံပေ(၃၀)ရှိRCC(၂)ထပ်အမျိုးအစားဖြစ်ပြီး၊ပြည်တောင်စုအစိုးရအဖွဲ့၏ခွင့်ပြုငွေကျပ်(၉၇ဒဿမ၆၅)သန်းဖြင့် Myanmar Erector ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူကာ တည်ဆောက် နေခြင်း ဖြစ် ကြောင်း ၊သတ်မှတ်ရက်အတွင်း အပြီးတည်ဆောက်ကာ ပညာရေးဌာနသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဟန် ထံမှသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)