စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြင့်မိုရ်လမ်း ယာယီပျံကျဈေးအတွင်း နှာခေါင်းစည်း (mask)များ ဝေငှ

စမ်းချောင်း သြဂုတ် ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ မြင့်မိုရ်လမ်း ယာယီပျံကျစျေးအတွင်း ကူးစက် မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် နှာခေါင်းစည်း (mask)များကို အခမဲ့ဝေငှပေးခဲ့သည်။

အဆိုပါ နှာခေါင်းစည်း(mask)များကို စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၁)၊ AEO(1)နှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စျေးသာယာရေးကော်မတီဝင်များက စျေးရောင်းချနေသူများနှင့် စျေးဝယ်လာ သူများကို အခမဲ့ဝေငှပေး ခဲ့​ပြီး နှာခေါင်းစည်း(mask)များ တပ်ဆင်သွားလာကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရ သည်။

ခင်ချောစုဝင်း(ပြန်/ဆက်)