တနိုင်း သြဂုတ် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များ၊ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ ဖိတ်ခေါ်၍ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး Book Clubအဖွဲ့ဝင် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က "ကတိတစ်လုံးရဲ့အရှုံး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ.ထ.က(၁)ကျောင်း တနိုင်းမှ အလယ်တန်းပြဆရာမ ဒေါ်မိုးမိုးထွေးက "ဒုတိယအကျင့် ပစ်ကွင်းကို ချိန်ပစ်" ခေါင်းစဉ်များဖြင့် စာရေးဆရာ ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် မရှင်းလင်းသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေကို စိတ်ပါဝင်စားသူ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၈)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)