ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ရုံး (ရွေ့လျားစာကြည့်တိုက်) အတွက် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ဂျပန်ဘာသာပြန် ပုံပြင်စာအုပ်များ လာရောက်လှူဒါန်း

အုတ်တွင်း  ဩဂုတ် ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်ရုံး ရွေ့လျား စာကြည့်တိုက် များ ကွင်းဆင်းဆောင်ရွက်ရာတွင် ငှားရမ်းပေးမည့် စာအုပ် များကို ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA) မှ ပံ့ပိုး လှူဒါန်းလျက်ရှိရာ ယနေ့ မွန်းလွဲ (၂:၃၀)ကလည်း ဂျပန်ဘာသာ ပြန် ပုံပြင်စာအုပ် (၃၄၆)အုပ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ စာအုပ်များကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)မှ တာဝန်ခံ ဒေါ်လွင်လွင်မာက မြို့နယ် ဦးစီးမှူး ဒေါ်ခင်ခင်မာ ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက်တွင် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲများ၊ အတွေ့အကြုံ များ၊ အားနည်းချက်၊ အားသာချက်များ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခင်က ရွေ့လျားစာကြည့်တိုက်များကို အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံကျောင်း များသို့ တစ်လလျှင် (၅)ကျောင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလ အတွင်း ရပ်နားထားခဲ့သည်။ ယခုအခါ ကျောင်းများ ပြန်ဖွင့်ချိန်တွင် လုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် စာအုပ်အသစ်များ လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)