ညောင်တုန်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ အာဇာနည်လမ်း တို့နှင့် ရပ်ကွက်(၁၀)ခုတို့၌ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အာဟာရပြည့်၀သည့်အစားအစာများ ချက်ပြုတ် သရုပ်ပြပွဲနှင့် စံပြမိခင် (နို့တိုက်/ကိုယ်၀န်ဆောင်) ရွေးချယ်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အာဟာရပြည့်၀သည့်အစားအစာများ ချက်ပြုတ် သရုပ်ပြပွဲနှင့် စံပြမိခင် (နို့တိုက်/ ကိုယ်၀န်ဆောင်) ရွေးချယ်ပွဲအခမ်းအနားကျင်းကို ယမန်နေ့က ကျင်းပသည်။

ပုသိမ်မြို့ ကုတင် ၅ဝဝ ​ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ရောဂါ စစ်ဆေးသည့် စက်ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးနိုင်သည့် အမေရိကန်နိုင်ငံထုတ် (GeneXpert) စက်အမျိုးအစား သြဂုတ်လ ၂၆ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခြေအနေအား တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေး

၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အဓိကကျသော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် မိုင်းပန်-မိုက်ပုတ်(ပန်ပိ)-နောင်ချို(ဆန်ကွယ်) ကျေးရွာသွားလမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများမှ ယနေ့နံနက် (၉) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရုပ်တု တပ်ဆင်ခြင်းလုပ်ငန်းအောင်မြင်ပြီးစီး

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှတ်ရွှတ် ချွှန်ချွှန်တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို- ကျောက်တန်း မြို့ထွက် လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်ထု တပ်ဆင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရသေဆုံးသွားသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေး

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများက အလုပ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် လုံခြုံရေး ဝန်ထမ်း ဦးနန္ဒအောင်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်း ကျပ်လေးဆယ့်ငါးသိန်းကို ၎င်း၏ဇနီးထံသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့သည်။

မော်လမြိုင်မြို့၌ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူ(၅၇)ဦးအား ကျန်းမာရေးစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင် (CBFQ)၌ COVID-19 လူနာ Case (482) လူနာနှင့်ထိတွေ့ခဲ့သူ(၁၀)မြို့နယ် ဆောင်၌ Quarantine  ဝင်နေသူ(၄၃)ဦးနှင့် Quarantine  တွင် ဝိုင်းဝန်းလုပ်ကိုင်နေသော ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ(၁၄)ဦး၊ စုစုပေါင်း(၅၇)ဦးအား ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ထားပြီး ယနေ့ Mon State Health Department မှတရားဝင် ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာ နေရာများဖြစ်သော စည်ပင်သာယာစျေးအတွင်း ယနေ့နံနက် ၆ နာရီတွင် စျေးရောင်း/ဝယ် လာသော ပြည်သူအများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မြန်မာ့မီးရထားမှ ကြံခင်း-ဥသျှစ်ပင်၊ သရက် ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သော စွန့်လွတ်​​ မြေအတွက်မြေယာ လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပန်းတောင်းမြို့နယ်အတွင်း ၂၀၀၆ ခုနှစ်တွင် မြန်မာ့မီးရထားမှ ကြံခင်း ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း ကြံခင်း-ဥသျှစ်ပင် သရက် ရထားလမ်းပိုင်းတွင် ပါဝင်သွားသော တောင်သူများ၏ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်အတွက် စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ဥသျှစ်ပင်လမ်းဆုံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိ စေရေး ကြိုတင် ကာကွယ်ရန်အတွက် စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to