ကျောက်မဲမြို့တွင် အိမ်ပြင်ပထွက် ခရီးသွားလာသူများ Mask စနစ်တကျတပ်ဆင်ရေး စစ်ဆေးပညာပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပြန်လည်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်က လူစည်ကားရာဗဟိုဈေးအနီး ပင်လုံလမ်းနှင့် သိရိမင်္ဂလာလမ်းထောင့်၌ အိမ်အပြင်ထွက် သွားလာသူများ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ကြံခင်းမြို့ မြို့မဈေး၌ အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးအသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် အိုင်အိုဒင်း ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေး အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သဲကုန်းမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဩဂုတ်လအတွင်း လှုပ်ရှားဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှု အဖြစ် မြို့နယ်စည်ပင်သာယာဈေးအတွင်းနှင့်အပြင် ဘက်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား ဆားများတွင် အိုင်အို ဒင်း ဓာတ်ပါဝင်မှု ရှိ/မရှိ အရည် အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောက်မယ်မြို့နယ် မိုက်ဟိုင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းတွင် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲအား လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ် စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာ၌ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲများ အား လူထုစစ်ဆေးပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဈေးများအတွင်း ဈေးရောင်း/ဈေးဝယ်များ နှာခေါင်းစည်း (Mask )တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများထိရောက်မှုရှိစေရေးအတွက် မိုင်းရှူးမြို့အတွင်းရှိ ပုဂ္ဂလိကဈေးနှင့် စည်ပင်သာယာဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ လိုက်လံကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူများအား မြို့အ၀င်လိုင်ပေါင်းလုံဂိတ်တွင် ခရီးသွားပြည်သူများကို လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်တာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော စျေးဆိုင်များအား ညွှန်ကြားချက်များနှင့် ရောင်ချခြင်း ရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှ၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ (Mask)နှာခေါင်းစည်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်း စာစောင်များ ဖြန့်ဝေပေး

ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဆေးရုံလမ်းနှင့် မင်းလမ်းထောင့်၌ နှာခေါင်းစည်း (mask) များနှင့် ယာဉ်စည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီ အချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan-CERP)အရ မိုးစပါးမျိုးစေ့ ထုတ် ဧက(၂၀)အတွက် ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ အချိန်က ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Subscribe to