နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များပြန်လည်ဖွင့်လှစ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မြို့ဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ချီဖွေမြို့နယ်အတွင်း (Cash For Work) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများ သို့ ကချင်ပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် တာဝန်ရှိသူများက သြဂုတ်လ (၂၂) ရက်နေ့မှ သြဂုတ်လ (၂၆) ရက်နေ့အထိ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေဖြင့် နှာခေါင်းစည်း Mask  တပ်ဆင်ကြရေး Mask  Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်အတွင်း  ပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာကြရန်အသိပညာပေး Mask Campaign 

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ နှစ်ခြင်းအသင်းတော်ဝတ်ကျောင်း၌ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ နှစ်ခြင်းအသင်းတော်ဝတ်ကျောင်း၌ အဝီစိရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေကျပ် ၇၀သိန်း ကို ယမန်နေ့က ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းပြို အိမ်ထောင်စုများအား ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ယခုလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုနေအိမ်(၈)လုံးရှိ အိမ်ထောင်စု(၈)စုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် အရှိန်အဟုန်မြှင့်၍ နှာခေါင်းစည်း (၃၀၀၀) အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ လူဦးရေထူထပ်များပြားသော အင်းစိန်မြို့နယ်အတွင်းရှိ ဖော့ကန်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ် ရှိဈေးများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် အနောက်ကြို့ကုန်း ဗဟိုလမ်း တလျှောက်ရှိ ပြည်သူများကို ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်းမပါသူများကို တပ်ဆင်ပေးခြင်း၊ အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၅၁)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ (၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။

ပန်းတနော်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပသွယ်ငါးလုပ်ငန်း စခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းနားကို ယနေ့နံနက် ၁၀ နာရီက ပသွယ်ကျေးရွာ ငါးလုပ်ငန်းစခန်း ခန်းမ၌ ကျင်းပသည်။

ကျောက်မဲမြို့တွင် အိမ်ပြင်ပထွက် ခရီးသွားလာသူများ Mask စနစ်တကျတပ်ဆင်ရေး စစ်ဆေးပညာပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပြန်လည်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်က လူစည်ကားရာဗဟိုဈေးအနီး ပင်လုံလမ်းနှင့် သိရိမင်္ဂလာလမ်းထောင့်၌ အိမ်အပြင်ထွက် သွားလာသူများ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ကြံခင်းမြို့ မြို့မဈေး၌ အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးအသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် အိုင်အိုဒင်း ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေး အသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to