ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်အတွက် စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်

ပန်းတောင်း သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ဥသျှစ်ပင်လမ်းဆုံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိ စေရေး ကြိုတင်ကာကွယ်ရန်အတွက် စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဇင်မိုးထိုက် တို့ သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်သည် ညောင်ကျိုးကျေးရွာ ညောင်ကျိုး စစ်ဆေးရေး ဂိတ်တွင် (၃)ရက်လောက် ပိတ်မိနေသော ပန်းတောင်း မြို့နယ်အတွင်းမှ မော်တော်ယာဉ်(၁၀)စီး၊ ဆိုင်ကယ် (၂)စီး၊ လူဦးရေ ၂၃ ယောက်တို့ကို တာဝန်ယူ စာရင်းပြုစုပြီး ကိုယ်တိုင်သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မော်တော်ယာဉ်မှ ခရီးသည်များကို ဥသျှစ်ပင် လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး အရ အပူချိန်တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ပန်းတောင်းမြို့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ်တို့က ဦးဆောင်၍ ခေါ်ဆောင်သွားခဲ့သည်။ ခေါ်ဆောင်လာသော မော်တော်ယာဉ်နှင့် ခရီး သည်များကို မြို့နယ် အားကစားရုံတွင် Facility Centre ၌ မဖြစ်မနေ (၂၁)ရက် ထားရှိရန် ဆောင်ရွက်ထားကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)