မိုင်းယောင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူမှ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့်ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအား ယနေ့က စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။