ပိုင်ကျုံ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အာဟာရပြည့်၀သည့်အစားအစာများ ချက်ပြုတ် သရုပ်ပြပွဲနှင့် စံပြမိခင် (နို့တိုက်/ ကိုယ်၀န်ဆောင်) ရွေးချယ်ပွဲအခမ်းအနားကျင်းကို ယမန်နေ့က ကျင်းပသည်။
ရှေးဦးစွာ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသီသီအေးက အာဟာရပြည့်၀သည့်အစားအစာများအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကျန်းမားရေးပြည့်၀သော အစားအစာရရှိစေရန် သရုပ်ပြချက်ပြုတ် ခြင်းများဆောင်ရွက်ခဲ့ပြီး စံပြနို့တိုက်မိခင်အကြောင်းနှင့် စံပြကိုယ်၀န်ဆောင်မိခင်များအကြောင်းကို သက်ဆိုင်ရာကျန်းမရေးဆရာမများအသီးသီးမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် စံပြမိခင် (နို့တိုက်/ ကိုယ်၀န်ဆောင်) များအား ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)