ထားဝယ်မြို့တွင်ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်

ထားဝယ်  ဇူလိုင် ၃၁

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ်တာဝန်ခံတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဆန်းချီတိုးချဲ့ရပ်ကွက်၊ ခရေလမ်းရှိ ထားဝယ်ခရိုင်/မြို့နယ်၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးရှေ့ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများက အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေပြီး ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)