တန့်ယန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသစိုက်ပျိုးပွဲ ကျင်းပ

တန့်ယန်း ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၉)ရပ်ကွက်နယ်မြေ ကွင်းအမှတ်(၄၆) တောင်သူ ဦးအိုက်ကတ်၏ မိုးစပါးပန်းတိုငအထွက်နှုန်းထွက်ရှိရေး စံပြကွက် (၁၀)ဧက၌ ကျင်းပခဲ့သည်။

အဆိုပါ လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသစိုက်ပျိုးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လက်ဆွဲကောက်စိုက်စက်အကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှု အခြေအနေများအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မိုးစပါး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၏ စံပြကွက်များအတွက် တောင်သူ (၃)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်းမြေဩဇာ၊ သဘာဝမြေဩဇာများပေးအပ်၍ လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                                                                              

မင်းလွင်ဦး(တန့်ယန်း)