မိုင်းရယ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရယ် ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းရယ်မြို့နယ် ဦးစီးဌာနမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား Biometric အချက်အလက်များကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများက smart card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား Biometric အချက်အလက်များကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများနှင့် UID ကတ်ထုတ်ပေးရန်ကျန်ရှိသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)