ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်တို့က ငါးမျိုးများပေးအပ်ရာ သက်ဆိုင်ရာ အင်းသူကြီးများက လက်ခံရယူခဲ့ကြ သည်။ ထို့နောက် တက်ရောက်လာကြသော ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများက ကျုံကဇန်းအထက်အင်းနှင့်ကျွန်းချောင်းအင်းတို့ ရေပြင်ဆက်စပ်လျက်ရှိသာ မဂူကျွန်းကျေးရွာရှိ ကျွန်းချောင်းချောင်းအတွင်း ငါးမျိုးများအား စုပေါင်း စိုက်ထည့်ခဲ့ကြသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ပေါများစေရေး၊ ငါးရိက္ခာဖူလုံစေရေးနှင့် အင်းငါးထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် ငါးမြစ်ချင်း ကောင်‌ရေ (၇၅၀၀)နှင့် ငါးခုံးမကြီး ကောင်ရေ (၇၅၀၀)၊ စုစုပေါင်း ငါးကောင်ရေ(၁၅၀၀၀)တို့အား ကြေးတိုင်အင်းများ ရေပြင်ကျယ်အတွင်းသို့ မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး