ဖျာပုံမြို့နယ်၌ Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြ သူများအားလုံး Mask မတပ်ဆင်ပါက ယခုဝယ် ယခုတပ် စနစ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၇ နာရီစတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင် လမ်းများအနှေးယာဉ်နှင့် သုံးဘီးယာဉ်ဂိတ်များသို့ သွားရောက် ဆောင်ရွက်ခဲ့ ကြ ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask များ တပ်ဆင်ခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့ ညနေ(၃) နာရီအချိန်က ရှောင်တခင်စစ်ဆေးခဲ့သည်။

ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအသိပညာပေး (Mask Compaign) ပြုလုပ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်စေရေးအတွက် ကျိုက်ဒုံမြို့အဝင် ဂိတ်နေရာများ၌ (MaskCompaign) ကျန်းမာရေးအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဘိုကလေးမြို့နယ်တွင် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာစေရေးအတွက် ယခုဝယ်ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့နံနက်(၈)နာရီမှ စတင်၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) (၃)ခုလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ယခုဝယ်ယခုတပ် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

နန်းဖဲ-ဘောလခဲမြို့ကြား မိုက်စလောင်းတောင် စခန်းအနီး ဟွန်တာဖစ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးမြောင်းထဲထိုးကျ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင်း မိုက်စလောင်းတောင် စခန်းအနီး ဘောလခဲဘက်အဆင်း အကွေ့တွင် ယမန်နေ့ ညနေပိုင်း(၄)နာရီက ဟွန်တာဖစ် ခဲရောင်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲ ထိုးကျခြင်း ဖြစ်ပွားခဲ့သည်။

သီပေါမြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သောမိုးစပါး (RS-CS) မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မန်ဟဲကျေးရွာအုပ်စု ဘက်စုံနည်းပညာသုံး စံပြကျေးရွာဖြစ်သည့် နားခဲကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် လွှတ်တော်အသီးသီးကလွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများကြေညာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အောင်မြေသာစံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်အသီးသီးကလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထားကြောင်းသိရသည်။

ပုသိမ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်ရုံး၌ လွှတ်​တော်ကိုယ်စားလှယ်​များအမည်စာရင်း​ကို ပုံစံ ၁၀ ဖြင့် ထုတ်ပြန်ကြေညာ

နိုဝင်ဘာ ၈ ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး ကောက်ပွဲအတွက် ပုသိမ်ခရိုင် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ​ရွေးကောက်ပွဲ နည်းဥပ​ဒေ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထား​သော လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ အမည်စာရင်းကို အက္ခရာစဉ်အလိုက် ပုံစံ(၁၀)ဖြင့်ပြုစု၍ သြဂုတ်လ ၃၀ ရက်​နေ့မှ စတင်၍ ပုသိမ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာခဲ့​ကြောင်းသိရသည်။

မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပြည်သူများအား Mask များအခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း mask တပ်ဆင်အသုံးပြု နိုင်ရေးအတွက် မိုးကုတ် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး ကော်မတီ၏ ဦးဆောင်မှု မိုးကုတ်မြို့အနောက်ပိုင်း မှဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူများအတွက် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
Subscribe to