ကျီခါးမြို့ Quarantine Centre အတွက် Zomi Covid-19 Response Commetee (Z.C.R.C)မှ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်

ကျီခါး    ဩဂုတ်   ၃၀

ချင်းပြည်နယ်၊ကျီခါးမြို့ Quarantine Centre အတွက် Zomi Covid-19 Response Commetee (Z.C.R.C)မှ အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲ အချိန်က ကျီခါးမြို့ လူငယ်ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ Z.C.R.C ဥက္ကဋ္ဌ ဦးလျန်ခန့်တောင်မှ  ပစ္စည်းများပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျီခါးမြို့ Quarantine Centre အတွက်  ခြင်ထောင်(၁၀)ခု ၊ အိပ်ယာခင်း (၁၀)ထည်၊စောင်(၁၀)ထည်၊ ခြင်ဆေးခွေ(၅)ဘူး၊ဆပ်ပြာ(၂၀)ဘူး၊ သွားတိုက်တံ(၂၀) ချောင်း၊ သွားတိုက်ဆေး (၂၄)ဘူး၊ ခေါက်ဆွဲထုပ်(၃၀)ထုပ်၊ ပိုးသတ်ဆေး(၂၀)ပုလင်း၊ နှာခေါင်းစည်း (၅၄၀)နှင့်လက်သန့်ဆေးရည်(၁၀)ဘူးတို့အား လှူဒါန်းပေးအပ်ရာ ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် နှင့်အတွင်းရေးမှူး ကျီခါးတိုက်နယ်ဆရာ၀န် ဒေါက်တာထန်ဆန်းတို့က လက်ခံရ ယူကြပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)