ဒေးဒရဲ ဩဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရေးအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအားလုံး Mask မတပ်ဆင်ပါက ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက် ၈နာရီက စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီတို့ ပူးပေါင်း၍ သြဂုတ် ၂၄ ရက်မှ ၂၉ ရက်အထိကို ပညာပေးကာလ သတ်မှတ်ကာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက် ၈နာရီမှ စတင်၍ မြို့ အဝင်ဂိတ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းစုံတို့တွင် Mask မတပ်ဆင်သူများအား Mask (၃)ခုလျှင် ငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင် (ပြန်/ဆက်)