ကျိုက်မ​ရော၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေး ​ကျေးရွာအ​ရောက်ကွင်းဆင်းစစ်​ဆေး

ကျိုက်မ​​ရော      သြဂုတ်    ၃၀

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်/​ကျေးရွာများရှိမဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများမဲ​ပေးခွင့်ရရှိနိုင်​ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့များ၊​ ကျေးရွာ​ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များပူး​ပေါင်း၍ သိမ်ဖြူကုန်း​ကျေးရွာ၊ ကြက်သွန်ကုန်း​ကျေးရွာ၊ လှည်းတန်း​ကျေးရွာအုပ်စု များရှိအိမ်​​​ထောင်စုများသို့ မဲစာရင်းများ မှန်ကန်မှုရှိ​စေရေးအတွက် ယ​နေ့​ နေ့လယ်၁နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်​ဆေးခဲ့ကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများတိုက်ဆိုင်စစ်​ဆေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်​စေ​ရေး အတွက်​ ကျေးရွာ​ရွေး​ကောက်ပွဲ​​ ​​ကော်မရှင်ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်​ရေးမှူးများနှင့်ပြည်သူများပူး​ပေါင်း၍ မဲစာရင်းနှင့်အိမ်​ထောင်စုစာရင်းမှန်ကန်မှု ရှိ/မရှိ၊အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲ​ပေးပိုင်ခွင့်မ​ဆုံးရှုံး​စေ​ရေး၊မဲစာရင်းပါ အချက်အလက်များမှန်ကန်မှုရှိ​စေ​ရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။
 ချို ချို(ပြန်/ဆက်)